AI ကသင်တို့ထက်ပညာပိုတက်လား?

October 19, 2025

AI ကဘာပဲမေးမေးရနေတာ ငါတို့ဘာမှ သင်ယူစရာမလိုတော့ဘူးလို့ထင်နေလား?


AI ဆိုတာဘာလဲ?

AI ကလူတွေပေးထားတဲ့ အချက်အလက်ပေါင်းများစွာကို

ပြန်ပြီးတော့ ပြပေးနေတာ

အကြောင်းအရင်းကိုသူနားလည်တာမဟုတ်ဘူး

သူ့မှာခံစားချက်မရှိဘူး၊ စာနာမှုမရှိဘူး

စဥ်းစားဉာဏ်မရှိဘူး၊ ဆက်စပ်ပြီးမတွေးခေါ်နိုင်ဘူး။

ပညာသင်တယ်ဆိုတာ တစ်ခုခုကိုမှတ်မိရုံသင်တာမဟုတ်ပါဘူး

မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင်

တွေးတောနိုင်အောင် စဥ်းစားနိုင်အောင် သင်တာဖြစ်ပါတယ်။


အန္တရာယ်ရှိတဲ့အလုပ်တွေကို robot တွေလုပ်ခိုင်းတဲ့အခါ

လူတွေ အန္တရာယ်ကင်းသွားတာမျိုး

ထပ်ခါထပ်ခါ လုပ်ရမဲ့ပျင်းရိစရာတွေကို

AI ကလုပ်သွားတဲ့အခါ လူတွေက

တစ်ခြားပိုကောင်းတာတွေလုပ်ဖို့အချိန်ပိုရတာမျိုး

အဲ့တော့ AI တွေဘယ်လောက်ပဲကောင်းလာပါစေ

ကျွန်တော်တို့ကတော့ အခြေခံပညာတွေသင်ရပါမယ်။


342988 ကို 238575 နဲ့ပေါင်းရင် 581563 ရတာကို

လူတိုင်းချက်ချင်းမသိပါဘူး

ဂဏန်းပေါင်းစက်ကတော့သိပါတယ်။

ဒါပေမယ့် ပေါင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ လူကသိရပါတယ်

အဲ့ဒါမှ ဂဏန်းပေါင်းစက်ကို သုံးလို့ရမှာပါ။


ပညာသင်ဖို့အမြဲလိုတယ်ဆိုတာ ကလေးတွေကိုပြောပါ။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin